စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၃-၁-၂၀၂၆) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး (ကျောထောက်) ဦးစိုင်းနောင်နောင်သည် ဟုမ္မလင်းမြို့ နယ် အခြေခံပညာအထက်တန်းကျောင်းအမှတ် (၂)သို့ သွားရောက်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးတို့အား “တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ” အကြောင်း ဟောပြောခဲ့ပြီး ကျား (၃၀)ဦး၊ မ (၅၀)ဦး၊ စုစုပေါင်း (၈၀)ဦး တို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



