ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၂၃-၁-၂၀၂၆)ရက်၊ သောကြာနေ့၊ နံနက် (၉:၀၀)နာရီမှ နေ့လည် (၁၁:၀၀)နာရီ အချိန်အထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့ နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူလွင်သည် အထက(၂) အခြေခံပညာ အထက်တန်းတန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား “တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာနှင့် ဆောင်းရာသီတွင် ဖြစ်တတ်သော အအေးမိတုပ်ကွေး ရောဂါ ကာကွယ်ရေးနည်းလမ်းများ” ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး ကျား (၅၈)ဦး၊ မ (၄၄)ဦး၊ စုစုပေါင်း (၁၀၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခဲ့ရာ အများဆုံးကုသပေးခဲ့သော ရောဂါမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ရောဂါဖြစ်ပါကြောင်း သိရသည်။