the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၂၂-၁-၂၀၂၆) ရက်နေ့တွင် အကြီးတန်းတိုင်းရင်းမှူး ဒေါ်တင်နွယ် ဦးဆောင်၍  တိုင်းရင်းဆေးမှူး ဒေါ်ချောစုဝင်းနှင့် အလုပ်သင် ဆရာမများ ဖြစ်ကြသော မသိင်္ဂီချစ်စနိုး၊ မဝင်းမြတ်မြတ်အိ၊  အကြီးတန်း လက်နှိပ်စက် ဒေါ်နီနီအောင် တို့ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မြို့နယ်၊ အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်၍ လူနာ (၅၄)ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး တိုင်းရင်းဆေးမှူး ဒေါ်ချောစုဝင်းမှ “မီးယပ်ဖြူဆင်း ရောဂါနှင့် ဆောင်ရန်၊ရှောင်ရန်များအကြောင်း”ဟောပြောပေးခဲ့ပါသည်။ ထို့နောက် မှန်ချို တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှေရီဝင်းပတ္တမြား တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ဒေဝယက္ခ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ (ဝိသာခါဆေးမြစ်စုံလိမ်းဆေး) ဆေးဝါးများအား  လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း