ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး၊ ဒုတိယ ဆေးရုံအုပ်နှင့် ပါမောက္ခဌာနမှူး ပါမောက္ခတင်တင်ဝင်း ဦးဆောင်သော အကြော အရိုးအဆစ် ဌာနမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီထွန်းနှင့် ဆရာ၊ ဆရာမများသည် (၂၁-၁-၂၀၂၆) ရက်နေ့တွင် မန္တလေးတောင်ခြေ ဘိုးဘွားရိပ်သာသို့သွားရောက်၍ အဘိုး၊ အဘွားများကို တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးဟောပြောခဲ့ပြီး အဘိုး (၁၃)ဦး၊ အဘွား (၄၇)ဦး၊ ဝန်ထမ်း (၈)ဦး၊ စုစုပေါင်း (၆၈)ဦးအား တိုင်းရင်းဆေးဝါးများဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



