ကချင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်တိုင်းရင်းဆေးမှူးနှင့် မြစ်ကြီးနား မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၂၁-၁-၂၀၂၆) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ အ.မ.က.(၆)သို့ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်တိုင်းရင်းဆေးမှူး. ဒေါ်လဲ့လဲ့ဖြူက “တကိုယ်ရည်သန့် ရှင်းရေးအကြောင်း” သိကောင်းစရာများဟောပြောခဲ့ပြီး ဟောပြောပွဲသို့ စုစုပေါင်း(၁၄၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ လူကြီး ကျား (၁၈)ဦး၊ လူကြီး မ (၂၀)ဦး၊ ကလေး ကျား (၆၈) ဦး၊ ကလေး မ (၇၄)ဦး၊ စုစုပေါင်း (၁၈၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



