the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ကချင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်တိုင်းရင်းဆေးမှူးနှင့် မြစ်ကြီးနား မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၂၁-၁-၂၀၂၆) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ အ.မ.က.(၆)သို့ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်တိုင်းရင်းဆေးမှူး. ဒေါ်လဲ့လဲ့ဖြူက “တကိုယ်ရည်သန့် ရှင်းရေးအကြောင်း” သိကောင်းစရာများဟောပြောခဲ့ပြီး ဟောပြောပွဲသို့ စုစုပေါင်း(၁၄၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ လူကြီး ကျား (၁၈)ဦး၊ လူကြီး  မ (၂၀)ဦး၊ ကလေး ကျား (၆၈) ဦး၊ ကလေး မ (၇၄)ဦး၊ စုစုပေါင်း (၁၈၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း