တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ခရိုင်တိုင်း ရင်းဆေးမှူး ဦးဇော်လင်းထင်နှင့် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ တောင်နံသာ အ.မ.က ကျောင်းသို့ သွားရောက်၍ (၂၁-၁-၂၀၂၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ “တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ရာသီအလိုက်ဖြစ်တက်သောရောဂါများ”အကြေ အသိပညာ ပေးဟောပြောပွဲ၌ လူဦးရေ (၁၀၁)ဦး တက်ရောက်ခဲ့ပြီး မ လူကြီး (၃)ဦး၊ ကျား ကလေး (၃၀)ဦး၊ မ ကလေး (၄၂)ဦး၊ စုစုပေါင်း (၇၅)ဦး တို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



