မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူးနှင့် အဖွဲ့သည် (၁၃-၁-၂၀၂၆) ရက်နေ့မှ (၁၉-၁-၂၀၂၆) ရက်နေ့အထိ ရွေပန်းမြိုင် မိုးကုတ်ဝိပဿနာ တရားစခန်းသို့သွားရောက်၍ ယောဂီများအား တိုင်းရင်းဆေးဖြင့် ဆေးကု သမှုဆောင်ရွက်ခဲ့ရာ ကျား (၃၉)ဦး၊ မ (၇၂)ဦး၊ လူနာစုစုပေါင်း (၁၁၁) ဦးအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



