ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တိုင်းရင်းဆေးကုဌာနမှ (၁၉-၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ပန်းချောင်းကျေးရွာသို့ သွားရောက်၍ လူထုဗဟိုအခြေပြုခန်းမ၌ လူဦးရေ (၂၂)ဦးအား “ခါးနာ ရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး လူကြီး ကျား (၁၉)ဦး၊ မ (၂၇)ဦး၊ စုစုပေါင်း (၄၆)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

