တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်သက်နှင်းဦး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ယဉ်ယဉ်ထိုက်၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အိသန္တာအောင်၊ ဒေါ်စန္ဒာသိမ့် တို့အဖွဲ့ သည် ပျော်ဘွယ်မြို အောင်းကုန်းကျေးရွာသိုသွားရောက်၍ (၁၆-၁-၂၀၂၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီမှ ညနေ (၄:၀၀)နာရီထိ လူဦးရေ (၈၀)ခန့်အား အဖြစ်များသော အဆစ်နာများအကြောင်းအသိပညာပေးဟောပြောခြင်းနှင့် ကျား လူကြီး (၃၈)ဦးနှင့်မ လူကြီး (၁၁၀) ဦး၊ ကျား ကလေး (၄)ဦး၊ မ ကလေး (၅)ဦး၊ စုစုပေါင်း (၁၅၇)ဦး တို့အား ဆေးစည်းဆေးကပ် ကြပ်ထုပ်ထိုး အကြောပြင် သောက်ဆေးလိမ်း ဆေးပေးခြင်းတိုဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


