ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ကွင်းဆင်းဆေးကုသရေး အဖွဲ့သည် ၂၀၂၆ ခုနှစ် ၊ဇန်နဝါရီလ (၁၆)ရက်နေ့တွင် သမဝါယမဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကွင်းဆင်း ဆေးကုသမှု ပြုလုပ်ခဲ့ရာ သမဝါယမဝန်ကြီးဌာနအောက်ရှိဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေး အသိပညာရရှိစေရန်အတွက် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာနှင့် ကျန်းမာ စေကြောင်း နည်းလမ်းကောင်းများခေါင်းစဉ်၊ နေပြည်တော်တိုင်းရင်းဆေးရုံအကြောင်း လက်ခံ ကုသပေးသောရောဂါဝေဒနာများအကြောင်း ဟောပြောခဲ့ပြီး ကျား (၁၁) ဦး၊ မ( ၆၀ )ဦး၊ လူနာစုစုပေါင်း (၇၁)ဦးအား နေ့လယ် (၁:၀၀)နာရီမှ ညနေ(၃:၀၀) နာရီထိ ဆေးကုသမှုပေးခဲ့ ကြောင်းသိရသည်။