ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြိုနယ်တိုင်းရင်းဆေးကုဌာနမှ (၁၆-၁-၂ဝ၂၆) ရက်နေ့တွင် မြိုနယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဦးစိုးလင်းဦး တို့သည် တာကြီးရပ်ကွက်၊ အ.လ.က ( ၆ ) အလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၃ဝ)ဦးအား “တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း” ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီး ၊ ကလေး ကျား (၂၇) ဦး၊ ကလေး မ (၄၉) ဦး၊ စုစုပေါင်း (၇၆)ဦး တိုကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


