ကျိုင်းတုံမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၊မြိုနယ်တိုင်းရင်းဆေးကုဌာနနှင့် ပြည်နယ် ၊ ခရိုင် ၊ မြိုနယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ (၁၇-၁-၂၀၂၆) ရက်နေ့ နေ့လယ် (၁:၀၀)နာရီ အချိန်တွင် ကျိုင်းတုံဘိုးဘွားရိပ်သာသို့သွားရောက်၍ သက်ကြီး ဘိုးဘွားများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်း နှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ပေးခဲ့ရာ ကျား (၁၀)ဦး ၊ မ (၁၅) ဦး၊ စုစုပေါင်း (၂၅)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


