ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၄-၁-၂၀၂၆) ရက်နေ့တွင် သာပေါင်းမြို့နယ် မြိုဦးကျောင်းအတွင်း၌ သတင်းသုံတော်မူသော သံဃာတော်များနှင့်စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ လူကြီး ကျား (၂၀)ဦး၊ လူကြီး မ (၁၁)ဦး၊ ကလေး ကျား (၂၉)ဦး၊ ကလေး မ (၆) ဦး၊ စုစုပေါင်း၆၆ ဦးအား ဆေးကုသမှုပေးခဲ့ပြီး “ဝဲယားနာအကြောင်း”ကို လူဦးရေ (၄၃)ဦးအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

