ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၅-၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အမှုထမ်းရပ်ကွက်၊ ကုန်းတန်းမူလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၇၀)ဦးအား “ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော”ရောဂါ အကြောင်း ဟောပြောခဲ့ပြီး ကျား လူကြီး (၅)ဦး၊ မ(၆)ဦး၊ ကျား ကလေး (၂၅)ဦး၊ မ (၃၀)ဦး၊ စုစုပေါင်း (၆၆)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



