ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အေးသာယာ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ (၁၅-၁-၂၀၂၆) ရက်နေ့တွင် ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ(၈)ဦးတို့သည် တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၁)ရပ်ကွက် သစ်ပင်ထောင် သို့သွားရောက်၍ ကျား လူကြီး (၄၅)ဦး၊ မ လူကြီး(၇၁)ဦး၊ ကျား ကလေး(၁)ဦး၊ စုစုပေါင်း (၁၁၇)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


