တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးဇေယျာမင်းအောင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဦးရဲလင်းနိုင် တို့သည် (၁၅-၁-၂၀၂၆) ရက်၊ ကြာသပတေးနေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်၌ အ.လ.က(သိင်္ဂါ)ကျောင်းတွင် ကျောင်းသား (၆၀)ဦး၊ ကျောင်းသူ (၇၅)ဦး၊ စုစုပေါင်း (၁၃၅)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ရောဂါမဖြစ်ပွားအောင်ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများ အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လူကြီး မ (၅)ဦး၊ ကလေး ကျား (၂၀)ဦး၊ ကလေး မ (၃၀)ဦး၊ လူနာစုစုပေါင်း (၅၅)ဦးတို့အား ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

