ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး လမ်းညွှန်မှု ဖြင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၄-၁-၂၀၂၆) ရက်နေ့တွင် အနော်ရထာရပ်ကွက်၊ ပျိုးဥယျာဉ်ဘိုးဘွားရိပ်သာသို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား (၇)ဦး၊ (မ) (၁၃)ဦး၊ စုစုပေါင်း (၂၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အဖြစ်အများဆုံး ရောဂါမှာသွေးတိုး ရောဂါ အများဆုံး ဖြစ်ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

