တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေ ဦးဆောင်သော အဖွဲ့သည် (၁၃-၁-၂၀၂၆)ရက်နေ့၊ နံနက် (၉:၀၀) နာရီမှ (၁၁:၀၀) နာရီ အချိန်ထိ တံတားဦးမြို့၊ အပြင်စံရာ ရပ်ကွက်၊ အပြင်စံရာမူလတန်းကျောင်းသို့ သွားရောက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေ မှ ကျောင်းသား၊ ကျောင်းသူ (၈၀)ဦး တို့ကို “တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအား” ကျောင်းကျန်းမာရေးဟောပြောခြင်းနှင့် ကျား ကလေး (၃၀)ဦး၊ မ ကလေး (၄၅)ဦး၊ စုစုပေါင်း (၇၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

