တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်း ဆေးကုဌာနမှ (၅-၁-၂၀၂၆) ရက်၊ တနင်္လာနေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်၌ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်သည် အမက (၁) မြို့မကျောင်းတွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသား (၉၀)ဦး၊ ကျောင်းသူ (၈၀)ဦး၊ စုစုပေါင်း (၁၇၀)ဦး အား “ဝဲ၊ယားနာရောဂါ နှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များနှင့် လက်တွေ့အသုံးချနိုင်သော ဆေးဖက်ဝင် အပင်များအကြောင်း” အသိပညာပေးဟောပြော၍ ကလေး (ကျား) (၂၀)ဦး၊ ကလေး (မ) (၂၀) ဦး၊ လူနာစုစုပေါင်း (၄၀)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှု များဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။