တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တိုင်းရင်းဆေးကုဌာနမှ (၆-၁-၂၀၂၆) ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ်သည် ခရိုင်/ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ တို့နှင့်အတူ သရက်မြို့၊ ပေတစ်ပင်ကျောင်းတိုက်သို့ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ရာ သံဃာ (၁)ပါး၊ သီလရှင် (၂၂)ပါး၊ စုစုပေါင်း (၂၃) ပါးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခြင်းနှင့် “သွေးတိုးရောဂါအကြောင်း၊ ဆောင်ရန်၊ရှောင်ရန်”တို့ကို အသိပညာပေး ဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

