ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၆-၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူဥနှင့် လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ် တို့သည် မြောက်ဥက္ကလာပမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ယူပြီးသော သက်ကြီးပုဂ္ဂိုလ်များနှင့် ဘဏ်ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ရာ လူနာ အမျိုးသား (၂၁)ဦး၊ အမျိုးသမီး (၇၃)ဦး၊ စုစုပေါင်း (၉၄)ဦး တို့ဖြစ်ပြီး “ဆောင်းရာသီတွင်အဖြစ်များသော အအေးမိနှာစေး၊ ချောင်းဆိုးရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

