the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လှိုင်လှိုင်သင်း ဦးဆောင်သောအဖွဲ့သည် (၆-၁- ၂၀၂၆)ရက်နေ့တွင် လစဉ်ဖွင့်လှစ်သော သပြေပင်ရိပ်သာတရားစခန်းသို့ ကွင်းဆင်းဆေးကုသမှု လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျား လူကြီး (၅)ဦး၊ မ လူကြီး (၂၇)ဦး၊ လူနာစုစုပေါင်း (၃၂)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း