the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံတွင် တိုင်းရင်းဆေးတက္ကသိုလ် အပတ်စဉ် (၁၉)၊ ၂၀၂၆ခုနှစ် အလုပ်သင်ဆရာ၊ ဆရာမများအား ကြိုဆို မိတ်ဆက်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခြင်း

အခမ်းအနားတွင် ဆေးရုံအုပ်ကြီးနှင့် ဌာနတာဝန်ခံ ဆရာမများမှ ကြိုဆိုမိတ်ဆက်ကြပြီး ၂၀၂၆ ခုနှစ် အလုပ်သင်ဆရာ၊ ဆရာမများမှ အသီးသီး မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ရန်ကုန်ခုတင် (၁၀၀) ဆံ့ သင်ကြားတိုင်းရင်းဆေးရုံတွင် ၂၀၂၆ခုနှစ် အလုပ်သင်ဆရာ၊ ဆရာမ (၁၁) ဦးသည် (၁-၁-၂၀၂၆) ရက်နေ့မှ (၃၁-၁၂-၂၀၂၆) ရက်နေ့ထိ (၁)နှစ်တာ အလုပ်သင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနား တက်ရောက်လာကြသော ဆရာမ များ၊ အလုပ်သင်ဆရာ၊ ဆရာမများအား ဆေးရုံအုပ်ကြီးမှ ကြက်သားပေါက်စီနှင့် ကော်ဖီတို့ဖြင့် ဧည်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း