the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြိုနယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြိုနယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးဦးဆောင်သောအဖွဲ့သည် အထက(၃) ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးဝင်းနှင့်ပူးပေါင်း၍ (၂၇.၁၁.၂၀၂၅)ရက်နေ့၊ကြာသပတေးနေ့  နံနက်(၈:၃၀) နာရီ အချိန်တွင် အထက(၃)၊ ဗိုလ်တထောင်ကျောင်းတွင်” လက်တကမ်းရှိမီးဖိုချောင်သုံးပစ္စည်းများ၏ဆေးဘက်အသုံးဝင်ပုံ”အကြောင်း ကျောင်းသား၊ ကျောင်းသူ(၇၀)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြော၍ ကျောင်းသား ၂၀ဦး၊ ကျောင်းသူ ၃၀ဦး၊ ဆရာမ-၁၀ဦးစုစုပေါင်း၆၀ဦးအားတိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေး ကုသမှု ဆောင်ရွက်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း