ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြိုနယ်တိုင်းရင်းဆေးကုဌာနမှ (၁.၁၂.၂၀၂၅ ) ရက်နေ့တွင် မြိုနယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်သည် ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် လူဦးရေ (၃၅)ဦးအား ဆောင်းရာသီတွင် ဖြစ်တတ်သောရောဂါများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး သံဃာတော်( ၉ )ဦး၊ရှင်သာမဏေ (၄၇) ဦး၊ ဝေယျာဝစ္စလုပ်အားပေးသူ၊ လူကြီး-ကျား( ၇ )ဦး၊စုစုပေါင်း( ၆၃ )ဦးတိုအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

