တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် အရှေ့ပိုင်းခရိုင် ဒဂုံမြိုသစ်မြောက်ပိုင်း မြိုနယ်တိုင်းရင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးသိန်းသည် (၃၀-၁၁-၂၀၂၀၅) ရက်နေ့ နေ့လည် (၁:၀၀)နာရီ အချိန်တွင်(၄၀)ရပ်ကွက်၌ဆောင်းရာသီတွင်ဖြစ်ပွားတတ်သော အအေးမိခြင်းနှင့် ချောင်းဆိုး ရောဂါအကြောင်းအားကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ကျား(၄)ဦး၊မ(၁၂)ဦးတိုအား တိုင်းရင်းဆေးပညာဖြစ်ကွင်းဆင်းဆေးကုသဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

