ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေးဆေးရုံမှ ဆရာ/ဆရာမများသည် အမရပူရမြို့နယ်၊ စွယ်တော်မြတ် စေတီတော်(မန္တလေး)၏ (၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို (၂၃-၁၁-၂၀၂၅) ရက်၊ တနင်္ဂနွေနေ့ နံနက် (၇:၃၀) နာရီတွင် ဘုရား (၁) ဆူနှင့် သံဃာတော်
(၄၅) ပါးအားဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




