ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ (၂၂-၁၁-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ်နှင့် ဆရာ/ ဆရာမ (၁၁)ဦးတို့သည် အင်းယာကျေးရွာအုပ်စု ထီလင်းကျေးရွာသို့ သွားရောက်၍ ကျား လူကြီး (၃၈)ဦး၊ မ လူကြီး (၆၀)ဦး၊ မ ကလေး (၅)ဦး၊ စုစုပေါင်း (၁၀၃)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



