ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ (၂၁-၁၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ပုတ္တလုတ်ကျေးရွာသို့ သွားရောက်၍ မင်္ဂလာရာမဘုန်းကြီးကျောင်း ဓမ္မာရုံ၌ လူဦးရေ(၁၇) ဦးအား “သဘာဝရသာယနဆေးဖက်ဝင်အပင်များ” အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပြီး ကျား (၁၃)ဦး၊ မ (၁၇)ဦး၊ စုစုပေါင်း (၃၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

