မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၉-၁၁-၂၀၂၅) ရက်နေ့တွင် ဝန်ထမ်းများသည် သစ်တပွေရပ်ကွက်ရှိ အေးသီတာ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ရာ ကျား (၄)ဦး၊ မ (၁၉)ဦး၊ စုစုပေါင်း (၂၃)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

