ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီကျော်နှင့် အဖွဲ့သည် (၁၉-၁၁-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများနေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်၍ ဘိုးဘွားများ၊ ရုံးဝန်ထမ်းများ စုစုပေါင်း လူနာ(၈၃)ဦးအား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် မှန်ချို တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှေရီဝင်းပတ္တမြားတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ပြုံးပီတီ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှင်ပြုံး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှေနှစ် တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေးတို့မှ ဆေးဝါးများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


