တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၈-၁၁-၂၀၂၅) ရက်နေ့၊စနေနေ့ နံနက် (၉:၀၀) နာရီအချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သော အဖွဲ့သည် လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များအဖွဲ့၊ မရမ်းကုန်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် ၊(၂)ရပ်ကွက် ၊အခြေခံပညာ အထက်တန်းကျောင်း(၁)၌ ကျား (၂၀)ဦး၊ မ (၅၀)ဦး၊ စုစုပေါင်း (၇၀)ဦးတို့အား တိုင်းရင်းဆေး ပညာဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် အဖွဲ့မှ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။