ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ခုတင်(၁၀၀) ဆံ့တိုင်းရင်းဆေးရုံမှ (၈-၁၁-၂၀၂၅) ရက်နေ့၊ နံနက်(၉:၀၀)နာရီမှစ၍ ပြည်ကြီးတံခွန် မြို့နယ်(ဃ)ရပ်ကွက်တွင် ဆေးရုံအုပ်ကြီး၊ ဒုတိယဆေးရုံအုပ်တို့ ဦးဆောင်၍ အပ်စိုက်ကုဌာန၊ ပဥ္စကမ္မဌာနတို့ပူးပေါင်းပြီး အလုပ်သင်ဆရာ၊ ဆရာမများ ပါဝင်လျက် တိုင်းရင်းဆေးများ ပညာရပ်ဆိုင်ရာများ ဟောပြောခြင်း၊ ဆေးကုသခြင်းပြုလုပ်ခဲ့ကြပြီး ကျား (၂၂)ဦး၊ မ (၅၃)ဦး၊ စုစုပေါင်း (၇၅)ဦးတို့အား နေ့လည်(၁:၀၀)နာရီ အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

