ရှမ်းပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ (၈-၁၁-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ(၈) ဦးတို့သည် ညောင်ရွှေမြို့နယ်နောင်တောကျေးရွာအုပ်စု လွယ်ခေါကျေးရွာသို့ သွားရောက်၍ ကျေးရွာပြည်သူလူထု (၁၁၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုအား ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ကျား လူကြီး (၆၂)ဦး၊ မ လူကြီး (၁၁၅)ဦး၊ ကျား ကလေး (၁)ဦး၊ မ ကလေး(၆)ဦး၊ စုစုပေါင်း (၁၈၄)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


