မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် တိုင်းရင်းဆေးကုဌာနမှ (၃၀-၁၀-၂၀၂၅) ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ် သည် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်း၍ သုခရတနာ ဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ အဘိုးဘွား ကျား (၄)ဦး၊ မ (၆)ဦး၊ လူနာစုစုပေါင်း (၁၀)ဦး တို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
