ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးမှ သက်ကြီးရွယ်အို များအား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် (၂၉-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၉:၀၀)နာရီမှ နေ့လည်(၁၂:၀၀) နာရီအထိ သက်ကြီးရွယ်အို ဘိုးဘွားတို့အား ဆေးကုသမှုပေးခဲ့ရာ ကျား (၂၀)ဦး၊ မ (၄၂)ဦး၊ စုစုပေါင်း (၆၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။