တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ တိုင်းရင်းဆေးကုဌာနမှ ဒေါ်စိုပြေဝင်းမြို့နယ် တိုင်းရင်းဆေးမှူး ဦးဆောင်သောအဖွဲ့သည် မြစ်သားမြို့ ဘူတာ(အ-မ-က) ကျောင်းသို့ (၂၉-၁၀-၂၀၂၅) ရက်နေ့ (၉:၀၀) မှ(၁၁:၀၀)နာရီထိ ကွင်းဆင်းဆေးကုသခဲ့ရာ စုစုပေါင်း (၁၁၇)ဦး တို့အား ဆေးကုသပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

