မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူး ဦးထက်ဝေဦးဆောင်၍ ဆရပ်ကွက်ရွှေလှေချမ်းသာရ ဓမ္မာရုံတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် (၂၈-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၈:၀၀)နာရီမှ နေ့လည်(၁၂:၀၀)နာရီ အထိ ဆေးကုသမှုပေးခဲ့ရာ ကျား လူကြီး (၁၀)ဦး၊ မ လူကြီး (၁၉)ဦး၊ ကျား ကလေး (၁)ဦး၊ မ ကလေး (၂)ဦး၊ လူနာစုစုပေါင်း(၃၂) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

