ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၁-၁၀-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နော်သိန်းသိန်းနွဲသည် အင်္ဂပူမြို့နယ်သိုက်တူးကွင်းကျေးရွာတွင် ကွင်းဆင်းဆေးကုသမှုပြုလုပ်ခဲ့ရာ ကျား (၁၀)ဦး၊ မ (၁၇)ဦး၊ စုစုပေါင်း (၂၇)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

