ကျန်းမာရေးဝန်ကြီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့်ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့်(၂၁-၁၀-၂၀၂၅)ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနနှင့်ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန၊(၂၅)ခုတင်ဆံ့ပြည်တိုင်းရင်းဆေးရုံ၊ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှဝန်ထမ်းများနှင့်မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာတိုင်းအသင်းခွဲ(ပဲခူး)၊ ခရိုင်အသင်းခွဲ(ပြည်)၊ တို့ပါဝင်သောအဖွဲ့သည် ပြည်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊အမျိူးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ပြည်မြို့၊ နဝင်းရပ်ကွက်၊ ဗာရာဏာသီကျောင်း၌ကျား(၉၄)ဦး၊မ(၁၀၁)ဦး၊ စုစုပေါင်း(၁၉၄)ဦးတို့အားကွင်းဆင်းဆေးကုသခြင်းများဆောင်ရွက်ခဲ့ပြီးပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူးဦးအောင်သန်းဝင်းမှတိုင်းရင်းဆေးပညာနှင့်ပတ်သက်သောအထွေထွေဗဟုသုတအကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ(ပဲခူး)မှအသင်းဥက္ကဌဦးဝင်းမင်းအောင်မှကွင်းဆင်းကုသခြင်းနှင့်လိုအပ်သည်များသိရှိစေရန်အကြောင်းနှင့်ပြည်ခရိုင်တိုင်းဆေးပညာဦးစီးဌာနမှခရိုင်ဦးစီးဌာနမှူးဒေါ်ခိုင်ဝါဝါအောင်မှတိုင်းရင်းဆေးဝါးများဝယ်ယူသုံးစွဲရာတွင်သတိပြုရမည့်အချက်များသိကောင်းစရာများနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကိုအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။