တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်း ဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၂၁-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၈:၀၀)နာရီတွင် အလုံမြို့နယ်၊ အ.ထ.က(၇)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသော “စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် ဂိမ်းကစားပြိုင်ပွဲ” တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ မြို့နယ်အမျိုးသမီး ရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူ ကျား (၂၈)ဦး၊ မ (၂၆)ဦး၊ စုစုပေါင်း (၅၄) ဦး အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။