the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ဦးစီးဌာနမှူးရုံး၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ပဲခူးခရိုင်တိုင်းရင်း ဆေးကုဌာန၊ ဒိုက်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာန၊ ညောင်လေးပင်မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်းခွဲ (ပဲခူးတိုင်းဒေသကြီး)တိ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးတိုင်း ဒေသကြီးဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၈-၁၀-၂၀၂၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဦးစီးဌာနမှူးရုံး၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ပဲခူးခရိုင်တိုင်းရင်းဆေးကုဌာန၊ ဒိုက်ဦးမြို့ နယ်တိုင်းရင်းဆေးကုဌာန၊ ညောင်လေးပင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ(ပဲခူးတိုင်းဒေသကြီး)တို့ ပူးပေါင်း၍ ညောင်လေးပင် ခရိုင်၊ ဒိုက်ဦးမြို့(၇)ရပ်ကွက်သီရိမဂ်လာပရိယတ္တိစာသင်တိုက်တွင် စုစုပေါင်း (၁၇၀) ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ မြန်မာနိုင်ငံတိုင်း ရင်းဆေးဆရာအသင်းခွဲ (ပဲခူးတိုင်းဒေသကြီး)၊ ပဲခူးခရိုင်တိုင်းရင်းဆေးမှူးတို့မှ တိုင်းရင်းဆေး ပညာအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပညာပေး ဟောပြောခဲ့ပါသည်။

ထိုသို့ ကွင်းဆင်း၍ ဆေးကုသမှုပေးခြင်း၊ အသိပညာပေးဟောပြောရာသို့ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒိုက်ဦးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဒိုက်ဦးမြို့အမှတ် (၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က လာရောက်၍ လိုအပ်သည်များကို ပူပေါင်း ပံ့ပိုး ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း