ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွန်မှုဖြင့် ပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၈-၁၀-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းရီသည် ပေါက်ခေါင်းမြို့နယ် စိုင်ဂေါင်းကျေးရွာသို့ သွားရောက်၍ ကျား (၁၂)ဦး၊ မ (၂၀)ဦး၊ စုစုပေါင်း (၃၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများဆောင်ရွက်ခြင်းနှင့် သွေးတိုးရောဂါအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

