ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ၁၁.၁၀.၂၀၂၅ ရက်နေ့တွင် ဆရာ/ဆရာမ(၁၀)ဦးနှင့် ပင်းတယမြို့တို င်းရင်းဆေးကုခန်းတို့ ပူးပေါင်း၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပွေးလှကျေးရွာအုပ်စုသို့သွား ရောက်ပြီး ကျေးရွာပြည်သူ(၆၅)ဦးတို့အား တိုင်းရင်းဆေးပညာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး ကျားကြီး(၇၅)ဦး မကြီး(၁၂၃)ဦး ကျားလေး(၃)ဦး မလေး(၂)ဦး စုစုပေါင်း(၂၀၃)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

