ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၄.၁၀.၂၀၂၅ မှ ၇.၁၀.၂၀၂၅) ရက်နေ့အထိ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး (၁၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားဖူးလာ ပြည်သူများအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ရာ လူကြီး(ကျား)၇ဦး၊ လူကြီး(မ)၁၅ဦး၊ ကလေး(ကျား)၁ဦး၊ စုစုပေါင်းလူနာ (၂၃)ဦးအား ဆေးကုသပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

