ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရှမ်းပြည်နယ် ပြည်နယ်ဦးစီးဌာနမှူး၊ ခရိုင်ဦးစီးဌာနမှူးတို့၏ညွှန်ကြားမှု့.ဖြင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု့ ကြီးကြပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ တောင်ကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်ခင်ဆွေ၊ လက်ထောက် တိုင်းရင်းဆေးခန်းမှူး ဒေါ်နန်းရောင်ဆနှင့် ဒေါ်စန္ဒာမြင့် တို့သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၁၈) ရက်နေ့ တောင်ကြီးမြို့နယ် ရှမ်းရိုးမဘိုးဘွားရိပ်သာတွင် ကျား(၁၀) ဦး၊ မ(၂၂) ဦး စုစုပေါင်း (၃၂) ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့် ရှောက်မူ့ ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

