ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ (၁၆.၁၀၂၀၂၅)ရက်နေ့တွင် ဒုတိယ ဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်၍ ဒေါ်ခင်မြတ်ကျော်တို့ ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့သွားရောက်၍ ကွင်းဆင်းဆေး ကုသခဲ့ရာ လူနာစုစုပေါင်း (၈၅)ဦးအား ဆေးဝါးကုသစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



