ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီတို့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့် အဖွဲ့၊မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့သည် (၁၅.၁၀.၂၀၂၅) ရက်နေ့နံနက်(၉)နာရီမှနေ့လယ်(၁၂)နာရီ အထိ သက်ကြီးရွယ်အို ဘိုးဘွား(၁၅)ဦး တို့အား ဆီးချိုရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အကြောင်းအသိပညာပေးဟောပြော၍ စုစုပေါင်း (၄၅)ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

