တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် တိုင်းဒေသကြီးဦးစီးဌာနမှုးတို့၏ လမ်းညွှန် မှူတို့ဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၆.၁၀.၂၀၂၅ ရက်နေ့တွင် ဒေါ်ခင်စန်းလှိုင် (ဆေးရုံအုပ်) ဒေါ်ခင်မျိုးဆွေ (လက်ထောက်တိုင်းရင်းဆေးမှုး) မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးမောင်မောင်သန့် (ဒု-တိုင်းရင်းဆေးမှူး )တို့ပူးပေါင်း ၍ ေရတာရှည်မြို့နယ် နတ်ရေတွင်းကျေးရွာ နတ်ရေတွင်းကျောင်းတိုက်သို့ သွားရောက် ကာ သီတင်းကျွတ်လပြည့် ဥပုသ်သီလ ဆောက်တည်ကြသူများ ကျား( ၃၃) မ( ၄၀) ပေါင်း (၇၃ ) ဦးအားကျန်းမာရေးစောင့်ရှောက်မှူပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

