the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရခိုင်ပြည်နယ်၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်မှ ပြည်နယ်ဦးစီးဌာနမှူး ဦးဆောင်၍ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံအုပ်နှင့် ၀န်ထမ်းများ ပါဝင်သောအဖွဲ့သည်  (၂၀-၉-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီမှ (၄:၀၀) နာရီထိ ယာယီနေရပ်စွန့်ခွာစုရပ် ငါးစင်ရိုင်းချောင်း ကျောင်းသို့ကွင်းဆင်း၍ လူနာဦးရေ ကျား (၂၂) ဦး၊မ (၄၃) ဦး စုစုပေါင်း (၆၅)  ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုပေးခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ က အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးဌာနမှူးမှ "ကံ၊ စိတ်၊ ဥတု၊ အာဟာရ ညီညွတ်မျှတမှ ကျန်းမာသုခပြည့်စုံရ" ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း